မင်္ဂလာပါ
မြန်မာပြည်တောင်ဘက်စွန်းရှိ ကော့သောင်းကျွန်းတွေထဲက တစ်ခုဖြစ်ပြီး ပင်လယ်ရေပြာပြာ၊ သဲဖြူသောင်ယံအရှည်ကြီးနဲ့အတူ နာမည်ကျော် အလှတရားတွေ လွှမ်းခြုံနေတဲ့ “Dunkin Island (ဆေးတံကျွန်း)” ကြီးကို စတင်ဖွင့်လှစ်နေပြီဖြစ်ပါတယ်ရှင်။
ကော့သောင်းမြို့ရဲ့ (၃၅) မိုင်အကွာမှာရှိပြီး ကျွန်းရဲ့သဏ္ဍာန်က ဆေးတံပုံသဏ္ဍာန် ဖြစ်နေတာကြောင့် ထူးခြားတဲ့အပြင် …
Virgin Coral တွေနဲ့ ရေပေါ်ရေအောက်အလှတရားတွေကို တစ်ဝကြီးခံစားနိုင်မှာဖြစ်ပြီး အနီးအနားဝန်းကျင်မှာလည်း Cash Island (ပန်းကျွန်း)၊ Cocks Comb (အသည်းပုံကျွန်း)၊ Horseshoe Island (မြင်းခွါကျွန်း) စတဲ့ နာမည်ကျော်ကျွန်းတွေ ဝန်းရံထားတဲ့ ကျွန်းတစ်ခုဖြစ်ပါတယ်။
ဒီဇင်ဘာလ (၁) ရက်နေ့မှာ စတင်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများ ပေးစွမ်းနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။